Sunday, September 1, 2013

မလေးရှားမှ မြန်မာတို့ ရဲ့ ဒုက္ခ

မလေးရှား နိုင်ငံ လူဝင်မှုကြီးကြပ်ရေးမှ မလေးရှားနိုင်ငံတွင်တရားမဝင်နေထိုင် အလုပ် လုပ်ကိုင်နေကြသော နိုင်ငံခြားသား အလုပ်သမား သိမ်းခန့်ကို အမြန်ဆုံးပြည်နှင်ဒဏ်ပေးနိုင်ရန် အထူးစီမံချက်ကို တနင်္ဂနွေနေ့ (၁၊ ၉၊ ၂၀၁၃) စတင်ပြီဖြစ်ပါသည်။
ဒါဟာ အကြီးမားဆုံးထိရောက်စွား အရေးယူရန် စက်ရုံ အလုပ်ရုံ နှင့် စိုက်ပျိုးရေးစသည်တို့တွင် ပင်ပန်းစွားအလုပ် လုပ်နေသော နိုင်ငံခြားအလုပ်သမားများအား တရားဝင်ကြေငြာအသိပေးထားပါသည်။

image

မလေးရှားနိုင်ငံတွင် နိုင်ငံသား ၂၉ သန်းခန့်ရှိရာ
နိုင်ငံခြားသားအလုပ်သမား ၁၆% ခန့်ရှိပါသည် ထိုအလုပ်သမားများထဲမှ စာရွက်စာတမ်းမပြည့်စုံသူ တရားမဝင်အလုပ်သမားများအား အထူးဖန်းဆည်းသွားမည်ဖြစ်ကြောင်းကြေငြာထားပါသည်။ ဒီစီမံချက်ကို ဒီနှစ်ကုန်အထိလုပ်ဆောက်သွားမည်ဖြစ်ပါသည် စုစုပေါင်း ကာလ လ ကြာမြင့်မည်ဖြစ်ပါသည်။ ဒီအစီစဉ်မှာ မလေးလူဝင်မှုကြီးကြပ်ရေးက တရားမဝင် အလုပ်သမား လေးသိမ်းအထိဖန်းသွားမည်ဖြစ်ပြီး
အလုပ်ရှင်များအပါအဝင်စုစုပေါင်း ဖန်းမည့်ဦးရေမှာ လေးသိမ်းခွဲဟု ခန့်မှန်းထားကြပါသည်။ တနင်္ဂနွေနေ့ က တစ်နိုင်ငံလုံးမှာ စတင်ဖန်းခဲ့သော အလုပ်သမားမှာ တစ်ထောင့်ခန့်ရှိသည်ဟု ကြေငြာထားပါသည်။ မလေးရှားသည် အရှေ့တောင်အာရှတွင် အချမ်းသာဆုံးနိုင်ငံဖြစ်သည့်အတွက် အိမ်နီးချင်းနိုင်ငံများဖြစ်ာကသော အင်ဒိုနီးရှား၊ ဖီလပိုင်၊ မြန်မာ နှင့် အာရှနိုင်ငံများဖြစ်ကြသော ဘင်္ဂလား၊ နီပေါ့ စသည့်နိုင်ငံများမှ လာရောက်အလုပ် လုပ်ကိုင်ရန်အထူး စိတ်ဝင်စားသည်ဟု မလေး လူဝင်မှုကြီးကြပ်ရေးက ပြောကြားပါသည်။ လွန်ခဲ့သော နှစ်က တရားမဝင်အလုပ်သမားများကို အခွင့်ရေးပေးသည် အနေဖြစ် 6P အစီဖြစ် အလုပ်သမား Permit များလုပ်ဆောင်နိုင်ရန်စီစဉ်ပေးခဲ့သော်လဲ တရားမဝင်အလုပ်သမား သန်းခန့်တွင် ၁.၃ သန်းသာလျှင် ပါမစ် လျှောက်ထားခဲ့ကြသည်ဟု ဖေါ်ပြထားပါသည်။ ဒီဆိုဒ်ကိုရေးသားသူ ကျနော်ဟာလဲ စာရွက်စာတမ်း မပြည့်စုံသူအဖြစ်နဲ့ မလေးရှားမှာ နေထိုင်နေသူဖြစ်ပါတယ်။ 6P အစီစဉ်ဖြစ် ပါမစ်လုပ်၇န် အခြေနေပေးလာသော်လည်း ကုန်ကျမည့်ငွေမှာ မလေးငွေ ၅၀၀၀ ကျော်နေသည့်အတွက် မလုပ်ဖြစ်ခဲ့ပါ။ အလေးကိုရောက်စက ကျနော်သူငယ်ချင်းဖြစ်သူ မြန်မာသို့ပြန်ချင်တာကြောင့် ကျနော့ Passport ကိုသူ့အေးဂျင့် ဆီမှာ အပေါင်သဘောမျိုးပေးပြီး သူငယ်ချင်း Passport ကိုပြန်ယူကာ သူငယ်ချင်းအား မြန်မာသို့ ပြန်စေခဲ့ပါတယ်။ ကျနော့ Passport ကိုငွေပြည့်လို့ ပြန်ရွှေးယူရန်ပြောသောအခါ အေးဂျင့်က ကျနော် Passport ကိုရောင်းလိုက်ပြီဖြစ်ကြောင်းနှင့် အသစ်ပြန်ရှောက် ယူရန်ပြောပါတယ်။ ထိုအေးဂျင့်အမည်မှ Michael သိန်းအောင်း ဖြစ်ပြီး ယခုထိုင်းတွင်နေထိုင်နေကြောင်းသိရပါတယ်။ ထို Michael သိန်းအောင်း သည် ရန်ကုန်မြို့ ဆိပ်ကမ်းသာ လမ်းတွင် ကွန်ပျူတာ အရောင်းဆိုင် ဖွင့်ဘူးသူဖြစ်ပါတယ်။ သာကေတတွင် သူမိဘများက ဆေးဘဲဥ လုပ်ငန်းလုပ်ကိုင်ကြပါတယ်။ ကျနော် အဓီက ပြောလိုသည်မှာ မြန်မာများ မလေးသို့ မလာသင့်ကြောင်း အေးဂျင့်များသည် လူတစ်ဦး ကိုမြန်မာငွေ သိမ်း အမြတ်ယူကာ မလေးသို့ ပို့နေသော်လည်း ဖြစ်လာသော ပြဿနာများ ကို တာဝန်ယူတာမတွ့ရပါဘူး။ ယနေ့ မလေးရှားမှာ မြန်မာတွေဟာ အလွန်စိတ်ပျက်စရာ ကောင်းလောက်အောင် ဒုက္ခေ၇ာက်ကြရပေမဲ့ အေးဂျင့်များကတော့ သူတို့ရဲ့ ရုံးခန်းတွေကနေ မလေးမှာ ဖြစ်နေတာတွေဟာ မဟုတ်မှန်ကြောင်း ပြောနေကြဆဲပါ။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ ဒီနိုင်ငံမှာ လာပြီး ကျွန်မခံ ကြပါရန် မေတ္တာဖြစ် အသိပေးအပ်ပါသည်။ ကျနော်သည်လည်း ဘယ်နေ့ အဖန်းခံရမည် ဆိုတာ ကို ရင်တမမ ဖြစ် ဗုဒ္ဓ ၏ ဂုဏ်တော်ကိုသာ နေ့စဉ်မပြတ်ရွတ်ဖတ်ရင်းနေရပါသည်။ "သခင်မျိုးဟေ့ ဒို ဗမာ" ဆိုသောစကား သည် စကားအဖြစ်သာ ရှိနေပါတော့သည် မလေးရှားတွင်တော့ မြန်မာတို့သည် ကျွန်သက်သက် သာဖြစ်နေကြရပါသည်။

သန်းမင်းနိုင် (မြန်မာတို့တွက် ဗဟုသုတ)

No comments: