2013-09-02 ထုပ်ပြန်တဲ့သတင်းအရ တရားမဝင် အလုပ်သမား ၂၄၃၃ ယောက်ဖန်းဆီးထားပြီဖြစ်ကြောင့် Immigration ကြေငြာထားတာကို http://www.mysinchew.com/node/90780 မှာဖေါ်ပြထားပါတယ်။
ပထမနေ့ အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် စီမံချက် စုစုပေါင်း ၄၀ ပြုလုပ်ခဲ့ရာ စုစုပေါင်းဖန်းမိသူ ၂၄၃၃ ဦးရှိသွားပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး
Datuk Seri Dr Ahmad Zahid Hamidi ကယနေ့ပြောကြားခဲ့တာဖြစ်ပါတယ်။ Ahmad Zahid ရဲ့အပြောအရ တရားမဝင်အလုပ်သမားအများစုဟာ အင်ဒိုနီးရှားများဖြစ်ပြီး ဖန်းမိသူ 717 ဦးရှိပါတယ်၊ မြန်မာ 555 ဦး၊ ဘင်္ဂလား 387 ဦးနှင့် နီပေါ 229 ဦးဖြစ်တယ်လို့ သီရပါတယ်။ အခြားနိုင်ငံများဖြစ်သော Cambodia, Vietnam, India, Pakistan, the Philippines, China, Nigeria နှင့် Thailand
နိုင်ငံသားဖန်းမိသူဦးရေကိုတော့ အတိအကျဖေါ်ပြခြင်းမရှိပါဘူး။ ဒီစီမံချက်ဟာ ယာယိမဟုတ်ကြောင်းနှင့် ဒီနှစ် ကုန်ဖြစ်တဲ့ ဒီဇင်ဘာ ၃၁ မှာတောင် ပြီးမှာမဟုတ်ဘူးလို့ သူကဆက်လက်ပြောကြားပါတယ်။ ဒီလိုပြုလုပ်နေတဲ့ စီမံချက်မှာ ညှိနှိုင်းခြင်း အပေးယူလုပ်ခြင်း တို့ပြုလုပ်မှာမဟုန်ဘူးလို့ ဆိုပါတယ်။ သူတို့ရဲ့ရာထားချက်က တရားမဝင်အလုပ်သမား လုံးဝ အကြွင်းမဲ့ ကုန်ဆုံးတဲ့အထိပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။ မနေ့က ပြုလုပ်ခဲ့တဲ့စီမံချက်မှာ မလေးရှားရဲ့ 370 ဦး၊ ရယ်လာ (Rela) 479 ဦး၊ Royal Malaysia Police 370 ဦး၊ Department of Civil Defence 94 ဦး၊ National Registration Department 72 ဦး၊ Anti-Smuggling Unit 43 ဦး National Anti-Drugs Agency 33 ဦး နှင့် Malaysian Anti-Corruption Commission MACC မှ 48 ဦး၊ စုစုပေါင်း လူဦးရေ 2,207 ဦးပါဝင်ကြောင်းသိရပါတယ်။

No comments:
Post a Comment