Saturday, September 14, 2013

မြန်မာနိုင်ငံသားထောက်ခံချက် အတည်ပြုနိုင်ရေး ပြည်ထောင်စုဝန်ကြီး မလေး၌ ဆွေးနွေးခဲ့

IMG 2026 
မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်သည့် မြန်မာလုပ်သားများအား တရားမ၀င်လုပ်ကိုင်နေသည်ဆိုပါက တရားဝင်ဖြစ်စေရန် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းနှင့် အလုပ်မရှိသည့်သူများကိုလည်း ဒဏ်ကြေး ပေး ဆောင်ရန် မလိုဘဲ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် မလေးရှားဝန်ကြီးနှင့် ညှိနှိုင်းဆောင်ရွက် ထားကြောင်း အလုပ်သမားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောကြားသည်။
အလုပ်သမားဝန်ကြီး ဦးအေးမြင့်အနေဖြင့် မလေးရှားဝန်ကြီးအပါအ၀င် သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆွေး နွေး၍ စက်တင်ဘာလ(၁၂)ရက် နေ့လည်ပိုင်းက
အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကာ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။
 “အခု မလေးရှားနိုင်ငံကို အချက်() ချက်နဲ့ သွားတာပါ၊ ပထမတစ်ချက်က ဟိုမှာရှိနေတဲ့ မြန်မာတရားဝင် အလုပ်သမားတွေရဲ့ အခြေအနေ၊ နောက်တစ်ချက်က တရားမ၀င် အလုပ်သမားတွေကိုလည်း တရားဝင် လုပ်ကိုင်နိုင်ဖို့အတွက် မှတ်ပုံတင်ပေးမယ်။ နောက်ဆုံးအချက်က မြန်မာနိုင်ငံသားဖြစ်ကြောင်း ထောက်ခံချက် အတွက် မလေးရှားက မြန်မာသံရုံးမှာ လာပြီးတော့ မျက်လုံး Scan ဖတ်တာတို့၊ ပြီးတော့ ဒီက အလုပ်သမား ၀န်ကြီးဌာနနဲ့ ချိတ်ဆက်ပြီး မြန်မာနိုင်ငံသားဖြစ်ကြောင်း အတည်ပြုဖို့ပါ။ ဟု အလုပ်သမား ၀န်ကြီး ဦးအေးမြင့် က ပြောသည်။
လက်ရှိ မလေးရှားနိုင်ငံတွင် တရားဝင် အလုပ်သမား တစ်သိန်းခြောက်သောင်းကျော် ရှိပြီး ယခုခရီးစဉ်တွင် မလေးရှားနိုင်ငံတွင်ရှိသော Sony ကုမ္ပဏီကဲ့သို့ ကုမ္ပဏီကြီးများတွင် အလုပ်သမားဝန်ကြီးဌာနမှ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျွန်တော်လည်း မလေးမှာ လွန်ခဲ့တဲ့ သုံးနှစ်လောက်က သွားလုပ်ဖူးပါတယ်။ တကယ်က မလေးရှားရဲ့ အဲလို နာမည်ရှိတဲ့ ကုမ္ပဏီကြီးတွေထက် မြို့ထဲမှာရှိတဲ့ စားသောက်ဆိုင်တွေ၊ ဘီယာဘားတွေ၊ စိုက်ပျိုးရေးခြံတွေ စက်ရုံ အသေးလေးတွေမှာ သွားစစ်သင့်တယ်။ ပြီးတော့ ဖမ်းဆီးတဲ့ စီမံချက် ကာလသုံးလက ပြီးသွားပြီ၊ အလုပ်သမား (၆၀၀) ပဲ ဖမ်းမိတယ်။ တရားမ၀င် အလုပ်သမားစာရင်းက တစ်သိန်းကျော်ဆိုတော့ ဟိုက စာရင်း အတိအကျသာ သိနေရင် မဖမ်းဘဲ နေပါ့မလား ဟု မလေးရှားတွင် အလုပ်သွားရောက် လုပ်ကိုင်ဖူးသူ ကိုကျော်မြင့်ဦးက ပြောသည်။
လက်ရှိတွင် ဖမ်းဆီးထားသည့် အလုပ်သမား (၆၀၀)ကျော်အား ပြည်တွင်းသို့ ပြန်လည် ခေါ်ဆောင်ရန်မှာ မလေးရှား နိုင်ငံတွင် ချမှတ်ထားသည့် ဥပဒေများအရ ဖြေရှင်းနေသောကြောင့် ကြန့်ကြာနိုင်သေးကြောင်း အလုပ်သမားဝန်ကြီး ဦးအေးမြင့်၏ ပြောကြားချက်အရ သိရသည်။
နိုင်ငံကူးလက်မှတ်နှင့် မြန်မာနိုင်ငံသား ဖြစ်ကြောင်း မလေးရှားရှိ One Stop Center တွင် ထောက်ခံချက်ယူရန် အခက်အခဲရှိသူများအား Mobile Team ဖွဲ့ကာ လိုက်လံဆောင်ရွက်ပေးရန် အစီအစဉ်ရှိကြောင်းကိုလည်း ၀န်ကြီး ခရီးစဉ်မှ ဆွေးနွေးချက်များအရ သိရှိရသည်။
လက်ရှိ မလေးရှားနိုင်ငံတွင် တရားမ၀င် အလုပ်လုပ်ကိုင်နေသူဦးရေ တစ်သိန်းတစ်သောင်းကျော်ရှိပြီး မလေးရှား နိုင်ငံမှ တရားမ၀င် အလုပ်သမားများအား ဖမ်းဆီးရန် စီမံချက်ကာလ သုံးလအတွင်း အလုပ်သမား (၆၀၀) ကျော် ဖမ်းဆီးထားကြောင်း သိရသည်။
မြစ်မခ မှ ကူးယူမျှဝေသည် 

တရားဝင် ထုပ်ပြန်ထားတာ ၅၅၀ သာရှိပါတယ်။ ရေးချင်တာတွေေ၇းနေကြတာပါဘဲလား မလေးရှားမှာနေသူတွေသိမှာပါ Tesco, The Store နဲ့ လူစည်ကားရာ နေရာတွေမှာ အရပ်ဝန်နဲ့ ဖန်းနေဆဲဆိုတာ 

No comments: