Sunday, September 15, 2013

 
ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီဒုက္ခသည်ကလေးများအား စာသင်ကြားပေးသည့် လုပ်အားပေး ဘင်္ဂါလီ ဆရာ၊ ဆရာမများကို ပညာရေးဝန်ကြီးဌာနမှ ထောက်ပံ့ကြေး ၁၀ လစာပေးသွားမည်ဟု သိရသည်။
အဆိုပါဒေသတွင် အစိုးရက ခန့်အပ်ထားသော ဘင်္ဂါလီဆရာများရှိသကဲ့သို့ ကမ္ဘာ့ကုလသမဂ္ဂ က လေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) ၏ ကူညီထောက်ပံ့မှုများဖြင့်
သင်ကြားပေးနေသော လုပ်အား ပေး ဆရာ၊ ဆရာမများလည်းရှိရာ ထောက်ပံ့ကြေးမရရှိသော ဆရာ၊ ဆရာမများကို ပံ့ပိုးကူညီပေးနိုင် ရန် ယင်းသို့ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှစိန်ထွန်းက "ရခိုင်ဒုက္ခ သည်ကလေးတွေအတွက်ကို ရခိုင်ဆရာတွေနဲ့သင်ပေးတယ်။ အစိုးရကခန့်ထားတဲ့ ဆရာတွေရှိသလို လုပ်အားပေးဆရာ၊ ဆရာမတွေလဲ ရှိတယ်။ အဲဒီလိုပဲ ဘင်္ဂါလီဒုက္ခသည် ကလေးတွေအတွက်လဲ အစိုး ရကခန့်တဲ့ ဘင်္ဂါလီဆရာတွေရှိသလို လုပ်အားပေးဘင်္ဂါလီ ဆရာတွေလဲရှိတယ်။ အဲဒီလုပ်အားပေး ဆရာတွေကို ယူနီဆက်ကနေ တစ်လကိုကျပ် ၃၀၀၀၀ နှုန်းနဲ့ ထောက်ပံ့ကြေးပေးတယ်။ တချို့မရတဲ့ ဆရာတွေရှိတယ်။ အဲဒီဆရာ၊ ဆရာမတွေအတွက် ပညာရေးဝန်ကြီးဌာနကနေ ၁၀ လစာပေးဖို့စီစဉ် နေတယ်။ အခုပေးတာတွေက ယာယီဖြစ်တဲ့အတွက် တစ်နှစ်ချင်းစီစဉ်သွားမှာပါ။ တစ်နှစ်စာပြီးရင် နောက်တစ်နှစ်စာအတွက် ထပ်ပြီးစီစဉ်ပေးသွားမှာပါ" ဟုပြောသည်။
အဆိုပါ ထောက်ပံ့ကြေးများကို ယခုလကုန်မှစတင်ပေးအပ်သွားရန် စီစဉ်လျက်ရှိပြီး လုပ်အားပေး မူလ တန်းပြဆရာတစ်ဦးလျှင် တစ်လလျှင် ကျပ် ၄၀၀၀၀ နှုန်း၊ အလယ်တန်းပြတစ်ဦးလျှင် ကျပ် ၅၀၀၀၀ နှင့် အထက်တန်းပြတစ်ဦးလျှင် ကျပ် ၆၀၀၀၀ နှုန်းဖြင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ဒုက္ခသည်ကလေးများအတွက် အစိုးရမှခန့်အပ်ထားသော ရခိုင်ဆရာ၊ ဆရာမများဖြင့် လုံလောက် စွာသင်နေကြရပြီး အစိုးရကပေးသော လစာများရရှိကြကြောင်း၊ ကျောက်ဖြူနှင့် ရမ်းဗြဲမြို့နယ်များရှိ ဘင်္ဂါလီဒုက္ခသည်စခန်းများတွင် စာသင်ကျောင်း မလုံလောက်မှုများရှိနေပြီး အစိုးရမှခန့်အပ်ထားသော ဘင်္ဂါလီဆရာ၊ ဆရာမများအနေဖြင့် အစိုးရလစာသာရရှိမည်ဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီးဌာနဝန်ကြီးဦးကျော်ခင်က "ဘင်္ဂါလီဒုက္ခသည် စခန်းမှာ လုပ်အားပေးလုပ်ပြီး စာသင်ပေးနေတဲ့ ဆရာတွေရှိပြီး စာသင်ပေးနေတဲ့ဆရာတွေရှိပါတယ်။ အဲဒီဆရာတွေကို ပညာရေးဝန်ကြီးဌာနကနေ ထောက်ပံ့ကြေးပေးမယ်လို့ ကြားမိပါတယ်" ဟုဆိုသည်။
ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီဒုက္ခသည်စခန်းရှစ်ခုရှိပြီး စာသင်ကျောင်းပေါင်း ၃၄ ကျောင်းခန့်တွင် ဘင်္ဂါလီကလေးများအား စာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။


မြန်မာတိုင်းရင်း သားများသည် အိမ်ရှင်များ ဖြစ်သည် အိမ်ရှင်က ခုလို လူလိုနားလည်ပြီးလုပ်ပေးနေတာကို လူလိုပြန်နားလည်ပေးနိုင်ရန် သင်တို့၏ အလာရှင်မြတ်က သင်တို့ကို လူလိုနားလည်အောင်သင်ပေးပါစေသား။

No comments: