ဒီနေ့ Google မှာ Logo အသစ်ပြောင်းသွားတာကို Google ကိုဒီနေ့အသုံးပြုသူတိုင်း သိကြမှာပါ၊ ခုလိုအပြောင်းလဲသွားတာတွေဟာ ဝက်ဆိုဒ်တိုင်းမှာ Upgrade လုပ်ရင်ဖြစ်လေ့ရှိပါတယ် ဘာမှမထူဆန်းပါဘူး ကျနော်ဒီ Post
ကိုရေးတာဟာ မကျွမ်းကျင်သူ များကို အားမငယ်စေလို၍ရးပေးတာပါ ပညာရှင်များအနေနဲ့လည်း ဝိုင်းဝန်းကူညီရှင်းပြပေးကြပါ။ Google ကိုဖွင့်လိုက်လို့ အရင်လို ကိုယ်မြင်နေကြမဟုတ်တော့လို့ စိတ်ပျက်စရာ မရှိပါဘူး Logo လေးပြောင်းသွားပေမဲ့ အားလုံးဟာ အရင်လိုပါဘဲ၊ အောက်က ပုံလေးကို ကြည့်မယ်ဆိုရင် အပေါ်ဆုံး Bar တန်းမှာ Google ဆိုတဲ့ ရောင်စုံ စလုံးရယ်၊ စာတွေရိုက်ထဲ့ပြီးရှာတဲ့နေရာရယ်၊ စကားပြောတဲ့ မိုက်ပုံလေးရယ်၊ +Mines ရယ်၊ လေးထောင့်တုံးလေးတွေရယ်၊ ခေါင်းလောင်းပုံလေးရယ်၊ Share ရယ် ပြီးတော့ မိမိပုံရယ်တွေနေရပါတယ်၊ ဒါက သင်တစ်ခုခုကို ရိုက်ထဲ့လိုက်လို့ ပြောင်းသွားပြီးမြင်ရမဲ့ပုံပါ။
စဖွင့်ဖွင့်ခြင်းမှာ ဆိုရင်တော့ သင်တွေ့ရမှာက +Mines ရယ်၊ Gmail ရယ်၊ Images ရယ်၊ လေးထောင့်တုံးလေးတွေရယ်၊ ခေါင်းလောင်းပုံလေးရယ်၊ Share ရယ် မိမိ ပုံ စသဖြင့်တွေ့ရမှာဖြစ်ပါတယ်၊ +Mines နေရာမှာ တကယ်ပေါ်မှာက + ရယ်သင်ရဲ့ နာမည်ရယ်ပေါ်မှာဖြစ်ပါတယ်။ ခုလိုပြောင်းသွားတဲ့ Logo ကြောင့် သင်မတွေ့ရတော့တာတွေက Maps, Play, Search, Youtube, News, Drive, Calender နဲ့ More တို့ဖြစ်ပါတယ်၊ ဒါတွေကို အသုံးပြုချင်တယ်ဆိုရင် Images နဲ့ ခေါင်းလောင်းပုံရဲ့ အလယ်က လေးထောင့်တုံးလေးတွေကို နှိပ်လိုက်ပါ အောက်ပါကဲ့သိုသောပုံလေးပါတဲ့ Box လေးတစ်ခုကြလာပါမယ်။ 
ဒါဆိုရင် ရှင်းသွားပါပြီ သူဖြောက်ထားတာလေးတွေကို ဘယ်မှာရှာရမယ် ဆိုတာ သိသွားပြီပေါ့နော် ဒီထက်ပိုပြီး သိခြင်မြင်ခြင်သေးရင် More ကိုကလစ်နှိပ်ပြီးဝင်ကြည့်ပါ၊ ကဲ မိတ်ဆွေတို့ ရွှင်လမ်းခြမ်းမြေ့ကြပါစေ။ နိုင်တဲ့ဝန်ကို မြန်မာတွေအတွက်ထမ်းဆောင် ပေးပရစေ။
လွန်ခဲ့သော သုံးလေးရက်ကဒီ Logo လေးကို သုံးပြီးပါပြီ နောက်နေ့ပြန်ဖျက်ထားလို့ ကျန်ာလဲ ပြန်သိမ်းထားလိုက်တာပါ ဒီနေ့ ဒီ Logo ကိုပြန်သုံးနေလို့ ပြန်တင်ပေးလိုက်ပါတယ် Blogger လက်သစ်များ Sign In ကို More မှာရှာပြီးဝင် နိုင်ပါတယ်
No comments:
Post a Comment