Friday, February 7, 2014

ကျနော် အတော်လေး စိတ်မကောင်းပါ ဝက်ဆိုဒ် ရေးခြင်းရပ်နားထား ရပါအုန်းမည်

မလေးရှားမှာ နေထိုင်ပြီး ရေးနေတဲ့ကျနော် ဆိုဒ်လေးကို မပြုပြင်နိုင်သည်မှာကြာပါပြီ ဘာ့ကြောင့်ဖြစ်ရသလဲ လို့မေးလာ ရင် ပြောပြချင်တာတွေအများကြီးပါ ကျနော် အင်တာနက်ဆိုင်တွေကနေရေးနေရာမှ အခုကိုအိမ်မှကိုရေးသောအခါ U Mobile ကိုအသုံးပြုပြီးရေးခဲ့တာပါ U Mobile ကလိုင်းမကောင်းလို့ DiGi ကိုပြောင်းသုံးတော့လည်း အဆင်မပြေပါ နောက်တစ်ခုက ကျနော်
စားဝတ်နေရေးကြောင်း အလုပ်ဝင်သွားတာ လ နီးပါးဖြစ်နေပါပြီ အလုပ်တစ်ဖက်နဲ့ရေးရတာ အားမရပါဘူး။ နောက်တစ်ချက် ကျနော် အိပ်အပြောင်းလဲလုပ်စရာလည်း ရှိနေပါတယ် ငွေရေးကြေးရေးလဲ အဆင်မပြေပါဘူး ။ ကျနော် ဆက်မရေးနိုင်တဲ့ ကာလတွေ မှာ ကျနော်အထူး စတ်မကောင်းတာ က တော့ ကျနော် HTML ကို အခြေခံ ဆင့်ကနေ အထက်တန်း အလယ်တန်း အဆင့်တွေထိရေးချင်တာ ကို မရေးနိုင်တာပါ ဒါကလဲ အတိုင်းတာတစ်ခုထိပါ ကျနော် မဖြစ်မနေရေး သွားမှာပါ ပညာ ပေးလှူ ခြင်းဖြစ် ပညာပါရမိ ရယူလိုတဲ့ အတွက် ကို့ထမင်းကို စားပြီး ဂျီးတော် နွားကျောင်းပေးမှာပါ ဒါဟာလည်း စေတနာသက်သက် ပါ။ ကျနော်မသိတဲ့ မြန်မာပြည်သူပြည်သား များကို ကျနော်နိုင်တာ လုပ်ပေးသွားချင်တယ် အဲဒါကလည်း သံသယာ အကျိုးအတွက်ပါ။ သံသယာ အကျိုးဆိုရာမှာလဲ ချမ်းသာ ဘို့ အဟုပ်ပါဘူး ပညာဥာဏ် အတွက် ဒါနသာ ဖြစ်ပါတယ်။ ကျနော်ကို အားကိုးပြီး ပညာရှာနေသူများ ကို အကောင်းဆုံး ကြိုးစား ပေးသွားမှာဖြစ်ပါတယ် သို့သော် လည်း ကျနော် အခုလိုအဆင် မပြေတဲ့ကာလလေး မှာ ကြိုးစား နားလယ်ပေးကြပါ။ ခုရေးလို့ ရနေတာက ကျနော်နေထိုင်ရာ အနီးပဝန်းကျင်က Wifi တွေကနေယူပြီး ရေးတင်လိုက်တာ ဖြစ်ပါတယ် မသိအောင် ယူသုံးတော့ ခိုးသလိုဖြစ်နေတာကြောင့် အမြဲမသုံးပါဘူး မဖြစ်မနေ ဒီ Post လေးရေးချင်တာကြောင့်ပါ မိတ်ဆွေအပေါင်း နားလယ်ကျေနပ်ပေးနိုင်ကြမယ်လို့ ထင်ပါတယ်။ ကျနော့ဆိုက် အတွက် Admin မရှိတော့ တစ်ယောက်ထဲကြိုးစား ရေးနေရတာပါ။ 
အားလုံးကျမ်းမာ ပျော်ရွှင်ကြပါစေ

မြန်မာတို့အတွက် ဗဟုသုတ စုစည်းသူ


No comments: