Monday, November 10, 2014

Computer ကိုလေးစေသည့် Windows logs များ နှင့် မလိုအပ်သည်များ ကိုရှင်းနည်း Windows 8, 7 XP


ကွန်ပျူ တာကို ပေါ့စေချင်ရင် မဖြစ်မနေ နေ့ စဉ်လုပ်ပေးသင့်တာလေးတွေ ရှိတယ် ဒါလေးတွေသိထားဘို့ လိုပါတယ်။ မော်နီတာ Screen ပေါ်မှာ Right Click နှိပ်ပြီး Refresh လုပ်ပေးတာမျိုးတို့  F5 ကိုလေးငါး ဆယ်ခါနှိပ်ပေးတာမျိုးတို့  နေ့ စဉ်လုပ်ပေးသင့်ပါတယ်။ ဒီအပြင် Windows Logs များကိုလည်း ရှင်းပေးသင့်ပါ ဒီနည်းတွေက ဆိုဒ်တော်တော်များများမှာ ကိုယ်တိုင်ရေးထားတာရော Share ပေးထားကြတာရော များနေပါပြီ ဒါပေမဲ့ မသိသေးသူများကို
အသိပေးလိုတာကြောင့်ရေးတင်ပေးလိုက်တာပါ။ Windows Logs များကိုရှင်းဖို့  Windows 8 ထဲမှာဆိုရင်တော့ ဘယ်ဘက်ဘောက်နားလေးက Windows ကိုပြောင်းပေးနိုင်တဲ့ Start Icon လေးရှိပါတယ် မောစ်ရဲ့ ပွိုင့်တာလေးတင်ကြည့်မှာ ပေါ်လာတာပါ။ 


အဲဒီ Start Icon လေးပေါ်မှာ Right Click နှိပ်ပြီးပေးလိုက်ရင် ပေါ်လာတဲ့ Pop Up Menu လေးထဲမှာ Computer Management ကိုရွေးပေးလိုက်ပါ။


 အောက်မှာမြင်ရတာကတော့ Computer Management ဖြစ်ပါတယ်။


ဒီအထဲဝင်ပြီးရင် ဘယ်ဘက်ထဲမှာ Icon လေးတွေနဲ့ ပြထားတဲ့အထဲက Event Viewer ရဲ့ဘေးက မျှားလေးကိုနှိပ်ပေးလိုက်ပါ။ အောက်ပါပုံကိုကြည့်ပါ။


အထက်ကပုံကိုကြည့်ပါ မျှားနဲ့ ပြပေးထားတဲ့နေရာလေးကို နှိပ်ဝင်ပါ နောက်ထပ်ပေါ်လာတဲ့ Icons တွေထဲမှာ Custom Views အောက်က Windows Logs ဘေးကိုနှိပ်လိုက်ပါ အောက်ကပုံကိုကြည့်ပါ။


အပေါ်ကပုံထဲမှာ မြင်နေရတဲ့ Application, Security, Setup, System နဲ့  Forwarded Event တိုတဲ့ Icons တွေရဲ့ အပေါ်ကနေ တစ်ခုချင်းဆီကို ရှင်းပေးရမှာဖြစ်ပါတယ်။ ပထမအနေနဲ့  Application Icon ပေါ်မှာ Pointer တင်ပြီး Right Click နှိပ်လိုက်ရင် အောက်ကပုံလိုမျိုးပေါ်လာမှာဖြစ်ပါတယ်။


ဒီတော့ အထက်မှာကြည့်ပါ မျှားပြထားတဲ့နေရာမှာမြင်နေရတဲ့ Clear Log... ကိုနှိပ်ပြီးရှင်းပေးလိုက်ရုံပါဘဲ ပြီးရင်အောက်ပုံပေါ်လာပါမယ်။


အပေါ်ကပုံမှာမြင်ရတဲ့အတိုင်း Clear ကိုနှိပ်ပေးလိုက်ပါ ဒီလိုမျိုး အာလုံးကို လုပ်ပေးနိုင်ပါတယ်။ Windows 7 ဖြစ်ဖြစ် Windows 8 ဖြစ်ဖြစ်ဝင်တာလဲကွာတာပါ ကျန်တာတွအတူတူပါဘဲ ပုံလေးတွေယူပြီးပြချင်တာ သူတိုက သူတို့ ဆိုဒ်နာမည်တွေထဲ့ထားကြတော့ ခက်သားလား ဒါပေမဲ့ တစ်ပုံ နှစ်ပုံလောက်တော့ ယူလိုက်ပါအုန်းမယ်။ အောက်ကပုံတွေက လွင်မင်းဗိုလ် ဆိုဒ်ထဲကမလာတာပါ။ အောက်ကပုံတွေကလည်း အတူတူပါဘဲ Windows 7 သမားတွေမကြောင်သွားရလေအောင်လုပ်ပေးတာပါ။


Windows 7 သမားများအတွက်





 
Windows XP သမားများအတွက်။

XP ထဲကနေဝင်လဲ Control Panel ထဲကဘဲဝင်ရတာပါ အောက်ပါပုံအဆင့်ဆင့်ကိုကြည့်ဝင်ပါ။ Control Panel > Performance and Maintenance  ထဲကိုအရင်ဝင်ပါ။  


ပြီးရင် အောက်ပုံကလို Administrative Tools ကနေဝင်ပါ


အောက်ပုံမှာကြည့်ပါ Computer Management ကနေဝင်ပါ။ 


Computer Management ထဲရောက်သွားရင် အောက်ကပုံလိုမြင်ရပါမယ် Event Viewer ကိုကလစ်နှိပ်ဝင်ပါ။



Event Viewer ထဲကနေ သင်ရှင်းခြင်တဲ့ အပိုင်းပေါ်မှာ Right Click နှိပ်ပြီးဝင်ပါ အောက်ပုံကိုကြည့်ပါ။ 


Right Click နှိပ်ထားပြီးရင် အောက်ကပုံလိုမြင်ရမှာပါ ပြီးရင် Properties ကို ကလစ်နှိပ်ပါ။


 ဒီအဆင့်မှာ သင်ဖျက်ပြစ်ခြင်တာကို မြင့်တင်ပြီး မ် ားမ် ားတခါထဲ ဖ်က္လို့ ရပါတယ် ပုံမှာပြထားတာ 10496 ဆိုပေသင့် သင်မြှင့်ခြင်သလောက် မြှင့်နိုင်ပါသေးတယ်။ ပြီးရင် Clear Logs ကိုနှိပ်ပေးလိုက်ပါ။


အောက်ကပုံမှာ သင် ဖျက်တဲ့ Data တွေကိုသိမ်းထားမလားမေးပါတယ် သိမ်းထားချင်ရင် Yes မှာနှိပ်ပြီး  သိမ်းမဲ့ File ထားမဲ့နေရာကို ရွေးပေးလိုက်ပါ သိမ်းမထား ချင်ရင်တော့ NO ကိုတစ်ခါထဲ နှိမ်ပေးလိုက်ပါ။ 






Run ကို အသုံးပြု ရှင်းနည်း 


Run Box ကို အသုံးပြု ရှင်းဖို့ အတွက်  ဒီ Run Box ကို ခေါ်ယူတပ်ဖို့ လိုပါ တယ် မသိလို့  ခက်ပေမဲ့ Run ကို ခေါ်ဖို့ က အရန်းကိုလွယ်ကူပါတယ်။ သင့် Keyboard ထဲက Windows Key ကို R နဲ့ တွဲနှိပ်ပေးလိုက်ရုံပါဘဲ။  အောက်ကပုံကို ကြည့်ပါ။

 

ဒါမှမဟုပ် အောက်ကပုံမှာပြထားပေးသလို Run ဆိုတဲ့နေရာကနေ ကြည့်ပြီး နှိပ်ပြီးခေါ်လို့ လဲ ရပါတယ် ဘယ်လိုသုံးသုံးပါ ရပါတယ်။



ဒီ Run Box လေးထဲကနေ temp ထဲကိုရောက်နေတာတွေကို ရှင်း ဖို့  %temp% လို့ ရိုက်ထဲ့ပေးပြီး OK ကိုနှိပ်ပေးလိုက်ပါ အောက်ကပုံလိုမျိုးမြင်ရပါမယ်

 

ဒီ Temp ထဲက ရှိသမျှ ကို ဖျက်ဖို့  တစ်ခု ကို အရင် ရွေးပေးပြီး Keyboard က Ctrl နဲ့  A ကို တွဲနှိပ်ပါ Ctrl + A ဟာ Select All ဖြစ် ပြီး အဲဒီ အပေါ်မှာ Right Click နှိပ်ပြီး Delete နဲ့ ဖျက်လိုက်ပါ။

အထက်ပါနည်း အတိုင်း Run Box ကိုသုံးပြီး နောက် နှစ်မျိုးဖျက်လို့ ရပါသေးတယ်
၁။ prefetch လို့  Run ထဲမှာရိုက်ထဲ့ပြီး အထက်ပါနည်းအတိုင်း ဖျက်နိုင်ပါတယ်။ 
၂။ Run ထဲမှာ recent ကို ရိုက်တဲ့ ပြီးတော့ လည်း အလားတူနည်းဖြင့် ဖျက်နိုင်ပါသေးတယ်။

ဒါလောက်ပါဘဲ သင်တို့ ရဲ့ ကွန်ပျူ  တာကို ဖျက်မဲ့လူကတော့ သင်တို့ ကိုယ်တိုင်ဖြစ်တယ်တိုတာ မမေ့နဲ့ နော် အားလုံး ကျမ်းမာချမ်းသာစွာ ပညာရှာဖွေနိုင်ကြပါစေ။ 

မြန်မာတို့ အတွက် ဗဟုသုတ 
17/11/ 2014 တွင် Windows XP အတွက်ထပ်ဖြည့်ထားပါသည်။ 

No comments: