
Windows 7
Build 7600
This Copy Of Windows Is Not Genuine
ဆိုတဲ့ ရေစာလေး Microsoft ကကပ်ပေးလိုက်တာ လစဉ်နည်းပါးဖြစ်နေတယ် ပြီခဲ့တဲ့ လက သူ့ PC ကို Windows ပြန်တင်ပေးတာ တစ်လ တစ်ကြိမ်နှုံးလောက်ကြနေတော့ ဒီတစ်ခေါက် Windows ပြန်မတင်ပေးတော့ ဘဲ အဲဒီရေစာလေးကို ဖျက်တဲ့ နည်းလေးရှာ ပြီး စမ်းလိုက်တာ အောင်မြင်သွားတာကြောင့် ဒီအကြောင်းကို Post အဖြစ်တင်ပေးလိုက်ပါတယ်ဗျာ။ ဒီနည်းကိုသုံးဘို့ အတွက် အောက်မှာရှင်းပြပေးထားတာလေးတွေကိုသာ သေချာဖတ်ပြီးလိုက်လုပ်ပေးသွား ရုံသာဖြစ်ပါတယ် အားလုံးအဆင့် ငါးဆင့်ပေးထားပါတယ်။
ဒီနည်းကို စလုပ်တော့မယ်ဆိုရင်
Step 1
ပထမအဆင့်အနေနဲ့  CMD ဆိုတဲ့  Command Prompt ကိုခေါ်ယူရမှာဖြစ်ပါတယ် ဒီလိုခေါ်ယူဘို့ ရန် Start Menu ကိုသွားပြီး Search ထဲကနေ CMD လို့ ရိုက်သွင်းပါ ဒီအခါမှာအောက်ပါပုံထဲကလို cmd သို့ မဟုပ် cmd.exe ဆိုတာကိုတွေ့ ရပါမယ်။ အဲဒီ CMD အပေါ်မှာ Right Click နှိပ်ပေးလိုက်ပါ အောက်ကပုံကိုကြည့်ပါ CMD နေရာကို မျှားအနီနဲ့ ပြပေးထားပါတယ်။

ဒီအခါမှာ Pop-Up Dialog Box လေးကပ်ပြီးပေါ်လာမှာဖြစ်ပါတယ် ဒီ Dialog Box ထဲကိုကြည့်ပါ Run as administrator ဆိုတဲ့စာကိုတွေ့ ရမှာဖြစ်ပါတယ် ဒီနေရာကိုတော့ မျှား အနက်ရောင်နဲ့ ပြပေးထားပါတယ် ကလစ်နှိပ်ပြီးဖွင့်ပေးပါ။ ဒီအခါမှာတော့ အောက်ကပုံထဲကလို CMD Command Prompt ပွင့်လာမှာဖြစ်ပါတယ် အောက်ပါပုံကိုကြည့် ပါ။

Step 2
ဒုတိယ အဆင့်အနေနဲ့  အဲဒီ CMD Box ထဲမှာ SLMGR -REARM ဆိုတာလေးဘဲ ရိုက်ထဲ့ပေးရမှာဖြစ်ပါတယ် ဒီလို ရိုက်ထဲ့တဲ့အခါမှာ အရေးကြီးတာက SLMGR ကိုရိုက်ပြီးရင် Space တစ်ချက်ခြားပေးပြီးမှ -REARM ကိုရိုက်ပေးရမှာဖြစ်ပါတယ် အထက်ကပုံကိုသေခြာကြည့်ပါ မျ ဉ်း အနီရောင်နဲ့ သေခြာတားပြပေးထားပါတယ်။
Step 3
တတိယ အဆင့်ကတော့ SLMGR -REARM ကိုမှန်အောင်ရိုက်ထဲ့ပေးပြီးသွားရင် Keyboard က Enter ကိုခေါက်ပေးလိုက်ရုံပါ။
Step 4
စတုတ္ထ အဆင့်မှာတော့ သင် SLMGR -REARM ကိုမှန်အောင်ရိုက်ထဲ့ပေးလိုက်တယ်ဆိုရင် သင့်ရဲ့လုပ်ဆောင်မှု အောင်မြင်တာကိုပြပေးတဲ့ အောက်ပါပုံကိုတွေ့ ရမှာဖြစ်ပါတယ်

Step 5
ပဉ္စမ အဆင့်ကတော့ သင့်ရဲ့ PC သို့ မဟုပ် Laptop ကို Restart ပြန်ချပေးလိုက်ရုံလေးပါဘဲ အထက်က ပုံမှာလဲ သင့်စက် ကို Restart လုပ်ဖို့ ရေးပေးထားပါတယ် ဒီတော့ OK ပေးပြီးထွက်လိုက်ပါ ဒီနေရမှာ တစ်ခုသတိထားရမှာကတော့ CMD Command Prompt ထဲမှာ EXIT လို့ ရိုက်ပေးပြီး Enter ခေါက်ပြီး ပြန်ပိတ်ပေးလိုက်ပါ ပြီးမှ သာ Restart ပြန်ချပေးလိုက်ပါ။
ကဲ ကျနော့ ဆိုဒ် ထဲ မျက်စိလည်လမ်းမှားပြီး ရောက်လာကြသော မိတ်ဆွေများ ကျနော့ စာအရေးသားကိုနားမလည်လို့  ရှိရင် အောက်ပါ Video လေးကိုလဲ လေ့လာကြပါ ပြီးရင် သူ့ မူရင်း Link ကိုလဲ ထဲ့ပေးထားလိုက်ပါတယ်ဗျာ။
မူရင်း Link ကို ဒီနေရာမှသွားပါ
အားလုံးဘဲ Valentine's Day အတွက် ချစ်သူမရှာ ပေးနိုင်သော်လဲ ပညာ ရှာဖွေပေးလိုက်ပါတယ်
မြန်မာတို့ အတွက် ဗဟုသုတ
15/2/2015
No comments:
Post a Comment