
Asus FonePad 7 ဟာတကယ်တော့ မူလက Android OS 4.3 သာဖြစ်ပါတယ် ဒီဖုန်းကို Root ဖေါက်တာမအောင်မြင်ခဲ့တာကို ဒီနေ့  Asus FonePad 7 ကို Upgrade လုပ်ထားတဲ့ OS 4.4.2 Kitkat ကို Root ဖေါက်ပြီး မြန်မာစာထဲ့ နိုင်လို့ ဝမ်းသာအားရ တင်ပေးလိုက်ပါတယ် ဒီနည်းကိုသုံးရင် ကွန်ပျူ တာ မလိုပါဘူး သင့်ရဲ့ FonePad 7 KitKat ထဲကနေတိုက်ရိုက် လုပ်ဆောင်ရမှာဖြစ်ပါတယ်
ဒီနည်းကို သုံးဖို့ ကတော့ အောက်ပါ App ကို အရင်ဒေါင်းယူလိုက်ပါ။
Root Zenfone 1.4.6

ဒေါင်းယူပြီးရင် အဲဒီ App ကိုအရင် Install လုပ်ပါပြီးရင် သင့်ရဲ့ FonePad 7 ထဲမှာ ပိတ်ထားရမှာတွေရှိပါတယ် သင် ပိတ်ထားရမှာတွေကတော့
Bluetooth
Wi-Fi
Location
Internet Connection Data
အထက်ပါပုံတွေကိုကြည့်ပြီး ပိတ်ထားရမှာရှိသလို ဖွင့်ထားရမှာလဲ ရှိပါတယ် သင့် ဖုန်းထဲ့က Airplane Mode ကို On ထားပေးရမှာဖြစ်ပါတယ် အထက်ပါပုံထဲက လေယဉ်ပျံ ပုံလေးပါ။ ပုံတွေကိုသေခြာကြည့်ပါ ဒီလိုအပ်ချက်များကိုလုပ်ဆောင်ပြီးပြီဆိုရင်တော့ သင် Install လုပ်ထားတဲ့ Root Zenfone 1.4.6 ကိုအလုပ် လုပ်ဖို့ ရန်ဖွင့်လိုက်ပါ ဒါဆိုရင် အောက်ပါပုံလိုမျိုးပေါ်လာမှာဖြစ်ပါတယ် OK ပေးလိုက်ပါ။
ဒီဖုန်းကို စမ်းသပ်လုပ်ကိုင်စဉ်က ဓာတ်ပုံတွေ မရိုက်ထားလိုက်ရလို့ Video ထဲကနေပြန်ရိုက်ယူထားတာဖြစ်လို့  ပုံတွေကမရှင်းပါဘူး ဒါပေမဲ့ ဒီပုံတွေရယ် အောက်ပါ Video ကိုသေခြာလေ့လာပြီး လုပ်ဆောင်သွားမယ်ဆိုရင် အဆင်ပြေမှာပါ။ ဒီတော့ ဒီ Root Zenfone App ကိုစဖွင့်ပြီဆိုရင် အောက်ပါပုံတွေလိုတွေ့ ရမှာ ဖြစ်ပါတယ်။
အထက်ပါပုံတွေက Root Zenfone ကိုဖွင့်ရင် မြင်ရမဲ့ ပုံဖြစ်ပြီး အောက်ပုံမှာ စတင်လုပ်ဆောင်ရင် နှိပ်ရမဲ့ နေရာကို ပြထားပေးပါတယ်။
အထက်ပါပုံထဲမှာ ရေးထားတဲ့ OK I Know Please Root! ဆိုတဲ့နေရာကို နှိပ်ပေးလိုက်ပါ အောက်ပုံလိုမျိုးမြင်ရမှာ ဖြစ်ပါတယ်။
OK ကိုနှိပ်ပေးလိုက်ရင် အောက်ပါပုံကိုမြင်ရမှာ ဖြစ်ပါတယ်
အထက်ပါပုံးမှာ Root Zenfone အလုပ်လုပ်ဆောင်နေတာဖြစ်ပြီး ခဏသာ ကြာမြင့်မှာဖြစ်ပါတယ် လုပ်ဆောင်မှု အောင်မြင်စွာပြီးသွားပြီဆိုရင် အောက်ပါပုံလိုမြင်ရမှာ ဖြစ်ပါတယ်
အထက်ပါပုံအတိုင်း မြင်ရပြီဆိုရင်တော့ Power ကိုပြန်ပြီး Restart လုပ်ပေးလိုက်ရုံပါဘဲ ဒီလိုပုံမျိုးမဟုပ်ဘဲ။
Power ကို Restart ချပေးပြီးသွားရင် အောက်ပါ Video ကိုသာဆက်ကြည့်ပါ။ ဒီ Video ထဲမှာ သူပြထားတဲ့ အတိုင်း ပြသသူကိုယ်တိုင် အမှားများကို တွေ့ နေတာဖြစ်ပါတယ် ဒီတော့ အောက်ပုံထဲကလို မျိုး ပေါ်လာရင်တော့ သင် ပိတ်ထားသင့်တာတွေထဲက မပိတ်ရသေးတာတွေကို ပြန်စစ်ဆေးပါ။
အထက်ပါပုံဟာ သင်လုပ်ဆောင်တာ မှားနေတာကို ပြသနေတာပါ Video ထဲမှာ သူလုပ်ပြတာမှားနေတာကတော့ Restart ချပေးရတော့မှာကို မချပေးလို့  အထပ်ထပ်ပြန်လုပ်နေတာကိုလဲ တွေ့ ရပါတယ်။ သင်လုပ်ဆောင်ကြည့်တဲ့ အခါမှာတော့ ကျနော် အထက်က ပြောတဲ့ အဆင့်တွေကို မှန်အောင်သာလုပ်ဆောင်သွားစေလိုပါတယ်။
အောက်ပါ Video လေးကိုသေခြာကြည့်ပြီးလိုက်လုပ်ကြပါရန်မေတ္တာရပ်ခံပါတယ်။
မြန်မာတို့ အတွက် ဗဟုသုတ
22/2/2015
No comments:
Post a Comment