Friday, June 28, 2019

Facebook မှာ ဖျက်ချတာတွေ ဒီမှာတင်မယ်






စည်သူကျော် ရဲ့

Theyangontimes
Yangon Media Group 
ကနေပြီး
May12, 2017 က ဝက်ဆိုဒ်တစ်ခုမှာ
တင်ထားတဲ့ဆောင်းပါးပါ။
ဒီဆောင်းပါးရဲ့ခေါင်းစဉ်ကို


" ဦးဝိရသူနှင့် ပတ်သက်၍ ဓမ္မနှင့် 
အဓမ္မခွဲခြားပေးရန် သံဃမဟာ နာယကသို့ 
လက်မှတ်များ ထပ်တင်မည် "

ဆိုပြီးပေးထားပါတယ်ဆောင်းပါးမှာ
ရေးထားတာများက အောက်ပါအတိုင်း
ဖြစ်ပါတယ်။
'''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''

အဓ္ဓမဝါဒဆန့်ကျင်ရေး ကော်မတီမှ 
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သို့ 
ဦးဝီရသူ၏ ဟောပြောလုပ်ဆောင်နေမှုများနှင့် 
ပတ်သက်ပြီး ဓမ္မနှင့်အဓမ္မ ခွဲခြားပေးရန် 
လက်မှတ်များ ဒုတိယအကြိမ်ပေးပို့သွားမည်ဟု 
ယင်းကော်မတီ ဦးဆောင်တည်ထောင်သူ 
ကိုမြတ်ကျော်က ပြောသည်။ 

"ကျွန်တော်တို့ ရန်ကုန်တိုင်းတစ်တိုင်းလုံးက 
မြို့နယ်တွေမှာ ဖြန့်ပြီးတော့ လက်မှတ် 
တွေစုပြီး ဦးဝီရသူရဲ့ လုပ်ဆောင်နေမှုတွေဟာ 
ဓမ္မလား၊ အဓမ္မလား ခွဲခြားဖို့ထပ်ပြီးပို့မှာပါ။ 
ဆက်ပြီးတော့လဲ လုပ်ဖို့ရှိပါတယ်''ဟု 
၎င်းကဆိုသည်။

အဆိုပါ ကော်မတီမှ 
ဧပြီ၎ ရက်က ဦးဝီရသူ၏ 
ဟောပြောလုပ်ဆောင်နေမှုများနှင့် ပတ်သက်ပြီး 
ဓမ္မနှင့်အဓမ္မ ခွဲခြားပေးရန် နိုင်ငံတော် 
သံဃမဟာနာယကအဖွဲ့သို့ ပထမ အကြိမ်ပေးပို့ခဲ့ပြီး အကြောင်းမပြန်ကြားသေးသည့်အတွက် 
ထပ်မံ၍လက်မှတ်များ စုဆောင်းပြီး 
ပေးပို့လျှောက်ထားခြင်း ဖြစ်သည်။ 

"သံဃမဟာနာယက က ဘာလို့ ဓမ္မလား၊ 
အဓမ္မလား မခွဲခြားပေးတာပေါ့ ကျွန်တော်တို့လဲ 
သေချာတော့မသိဘူး။ 
ဓမ္မလား၊ အဓမ္မလား ကြေညာလေ။ 
မကြေညာလဲ နေနိုင်တာပဲ။ 
ကျွန်တော်တို့က သာမန်လူတွေ။ 
နိုင်ငံ တော်သံဃာ့မဟာနာယကက 
ဆရာတော် တွေဆိုတာ ဂုဏ်သိက္ခာကြီးမားတယ်။ 
ဝိနည်းသိက္ခာပုဒ်တွေ ကျွမ်းကျင်တယ်။ 
ဗုဒ္ဓဒေသ နာတော်တွေကို နားလည်တယ်။ 
ဘာလို့ မကြေညာလဲဆိုတာတော့ 
အတတ်မပြောတတ်ဘူး''ဟု 

ကိုမြတ်ကျော်က ပြောသည်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အသီးသီးတွင် 
နိုင်ငံတော် သံဃမဟာနာယကထံသို့ ဦးဝီရသူ၏ 
ပြောဆိုဆောင်ရွက်ချက်များသည် 
ဓမ္မ(သို့မဟုတ်)အဓမ္မ ခွဲခြားကြေညာ
ပေးပါရန်ခေါင်းစဉ်ဖြင့် အမည်၊ နေရပ်လိပ်စာ၊ 
မှတ်ပုံတင်အမှတ်၊ လက်မှတ်ပါ 
လက်မှတ်စာရွက်များဖြန့်ဝေပြီး 
ကောက်ခံရန်စီ စဉ်ထားပြီး အချိန်၊ 
နေရာ၊ နေရက်များအား အတိအကျ 
ထပ်မံကြေညာမည်ဟုသိရသည်။ 
နိုင်ငံတော် သံဃမဟာနာယကထံသို့ ဦးဝီရသူ၏ ပြောဆိုလုပ်ကိုင်ဆောင်ရွက်ချက်များသည် 
ဓမ္မ/အဓမ္မခွဲခြား ကြေညာပေးရန် 
ပြည်သူလူထု၏ လက်မှတ်များရေးထိုး၍ 
ပေးပို့လျှောက်ထားတောင်းဆိုထားမှုနှင့် 
အခြေအနေအရပ်ရပ်အား အဓမ္မဆန့်ကျင်ရေး 
ကော်မတီမှ မေ၉ရက်က ရန်ကုန်မြို့၊ 
တော် ဝင်နှင်းဆီစားသောက်ဆိုင်တွင် 
သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီး 
လက်မှတ်များကို ယခုလကုန်ပိုင်းတွင် 
စတင်ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။

'''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''
အထက်ပါဆောင်းပါးနှင့်စပ်လျှင်းပြီး
ပြောချင်တာက

၁။ 
မြန်မာနိုင်ငံရဲ့ဘာသာက ဗုဒ္ဓဘာသာ
ဗုဒ္ဓဘာသာနိုင်ငံမှာ ဗုဒ္ဓရဲ့ 
အဆုံးအမတွေဟာ ဘုရားကိုယ်တော်တိုင်
ချမှတ်ထားပေးခဲ့တဲ့ ဝိနီးပိဋကတ် ရှိပြီးသား။
လူ့ဝတ်ကြောင် အနာဂံ ရဟန္တာ တိုသည်
ပုထုဇဉ် ရဟန်းအားရှစ်ခိုးရ၏။

အထက်ပါဆောင်းပါးအရ
မြတ်ကျော် နှင့် အပေါင်းအပါတို့သည်
မုနိသုတ္တံ ကိုမသိ သရဏဂုံညစ်နွမ်းစေခြင်း
အကြောင်း ၃ ပါးကိုမသိ
လူဝတ်ကြောင် အနာဂံ ရဟန္တာဆိုတာ
ပုထုဇဉ် ရဟန်း သာမဏေလေးကိုပင်
ရှစ်ခိုးအပ်တယ်ဆိုတာမသိတဲ့
ခေတ်သစ် ဒိဌိကြီးများ ဖြစ်ကြပေသည်။

၂။
အဓမ္မဝါဒ ဆန့်ကျင်ရေး ကော်မတီ
ဆိုပြီးဖွဲစည်းတယ် ပြီးတော့ ဓမ္မ နဲ့ အဓမ္မ 
ခွဲခြားပေးဘို့   နိုင်ငံတော် သံဃမဟာနာယက
အဖွဲကို စာပေးပို့သတဲ့။

မြတ်ကျော်နဲ့ အပေါင်းအပါတွေဟာ
အပိုဒ် ၁။ မှာပြောထားသလို သူတို့တွေဟာ
မုနိသုတ္တံ ကိုမသိ သရဏဂုံညစ်နွမ်းစေခြင်း
အကြောင်း ၃ ပါးကိုမသိ
လူဝတ်ကြောင် အနာဂံ ရဟန္တာဆိုတာ
ပုထုဇဉ် ရဟန်း သာမဏေလေးကိုပင်
ရှစ်ခိုးအပ်တယ်ဆိုတာမသိပဲ
ပဋိပတ္တိစာချဆရာတော်ကို 
အဓမ္မဝါဒ နဲ့ စွဲချက်တင်ချင်တာဟာ 
Facebook ဘန်းစကားအရ
ပြောရမယ်ဆိုရင် လမင်းကြီးကို
ခွေးတွေဝိုင်းဟောင်နေသလိုပါပဲ။

၃။
" ဓမ္မ/အဓမ္မခွဲခြား ကြေညာပေးရန် 
ပြည်သူလူထု၏ လက်မှတ်များရေးထိုး၍  " တဲ့

ပြည်သူလူထု ဆိုတဲ့စကားကို 
ပြောတာကြည့်ပြော ပြည်သူတွေထဲက
ဆရာတော်ကို ထောင်ခံသူတိုင်းက 
ဒီစကားကို လက်သင့်မခံဘူးဆိုတာ
ထမင်းစားပြီးစဉ်းစားရင်သိနိုင်တယ်။

၎။
" ဓမ္မ(သို့မဟုတ်)အဓမ္မ ခွဲခြားကြေညာ
ပေးပါရန်ခေါင်းစဉ်ဖြင့် အမည်၊ နေရပ်လိပ်စာ၊ 
မှတ်ပုံတင်အမှတ်၊ လက်မှတ်ပါ 
လက်မှတ်စာရွက်များဖြန့်ဝေပြီး 
ကောက်ခံရန်စီ စဉ်ထားပြီး အချိန်၊ 
နေရာ၊ နေရက်များအား အတိအကျ 
ထပ်မံကြေညာမည်ဟုသိရသည်။ "

အဲဒီ ကောက်ခံရရှိခဲ့တဲ့ဆိုတာလေး
ကိုတကယ်လုပ်ဖြစ်ခဲ့လား?
လုပ်ဖြစ်ခဲ့တယ်ဆိုရင်လဲ အဲစရင်းလေး
ချပြရဲလား ချပြနိုင်ရင်သိပါရစေ။ 

၅။
" အဓမ္မဆန့်ကျင်ရေး 
ကော်မတီမှ မေ၉ရက်က ရန်ကုန်မြို့၊ 
တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် 
သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီး "
ဆိုတာနဲ့ပါတ်သက်ပြီး

တော်ဝင်နှင်းဆီ ဆိုင်မှာ ထားတဲ့ 
ဒ်ါစုရဲ့ ခြံဝင်းတံခါးကြီး ဆွေးမြေ့လို့ 
အရေကြိုဆိုင်တောင် ရောက်သွားပြီလားမသိ
အဲဆိုင်မှာ လုပ်ပြီဆိုတာနဲ့ များသောအားဖြင့်
ဗုဒ္ဓဘာသာကို တနည်းမဟုပ် တနည်း
ထိုးနှက်နေတာတွေ သတိထားမိနေတာ
ကြာပါပြီ။

ဒီဘဝ ရှာသမျှငွေဆိုတာ နောင်ဘဝ ဆီ
ယူသွားမရပါဘူး ဒါပေမဲ့ ငွေရှားနည်းရဲ့
ကုသိုလ် အကုသိုလ်ကတော့ 
နောင်ဘဝအထိ ယူမသွားလဲ
လိုက်လာမှာပါ မြတ်ကျော်ရေ 
ပေးစာကမ်းစာ ဆိုတာတွေမှာ စေတနာ
မမှန်ရင် အပင်းတွေ အဆိတ်တွေ
ပါလာတယ်ဆိုတာ ငတ်ကြီးကျနေချိန်
မမြင်ဘူးနော် ကုသိုလ်ကံ ညံ့လာမှ
မြင်ရတာမျိုးကွ အစားမတော်တစ်လုပ်တဲ့
ဆရာတော် က သေနတ် ကိုင်တဲ့
ပုဂ္ဂိုလ်မဟုပ်သလို ပါနာတိပါတာကို 
ကျူးလွန်သူလဲ မဟုပ်သလို 
ဘာသာမတူ ငါ့ရန်သူလို့လဲ 
မသွန်သင်မဆုံးမဘူး ဒီတော့
မင်းကသာ အဓမ္မနည်းနဲ့ ဆရာတော်ကို
ကန့်လန့်တိုက်နေတာပါ
အချိန်မီ အသိတရားရပါစေ။

မင်းသန်းနိုင်
( ကောင်းမှု့တစ်ခု နေ့စဉ်ပြု )






No comments: