Wednesday, July 3, 2019



ဒီပိုကရေစီ ဆိုတဲ့ နောက်က
ကပ်ပါလာတဲ့ အခွင့်အရေး ကို
မက်သောသူ လောဘသား တွေဟာ
မီး နဲ့ ပန်း မခွဲခြားတတ်လောက်အောင်
အဝိဇ္ဇာ ဖုန်းလွှမ်းနေပါတယ်။



နလပိန်းတုန်း အခြောင်သမားတွေ
အတွက် ဒီမိုကရေစီဆိုတာ
နတ်ပန်းတမျှ တင့်တယ်လှပမယ်
ထင်ထားကြပေမဲ့
ကျွန်တော့ဘက်က ကြည့်တဲ့အခါ
ဒီမိုကရေစီဆိုတာဟာ တကယ်တော့
ငရဲပန်းတစ်ပွင့်မျှသာ မြင်ပါတယ်။

ဒီစင်္ကြာဝဠာမှာ ရှိသမျှ လူသား
အားလုံးသီလ လုံတဲ့ ခေတ်မှာသာ
ရွှေပဒေသာပင်တို့ မြေက ပေါက်ကြတယ်
အဲဒီရွှေခေတ်မှာသာ စင်္ကြာဝတေးမင်း
ပေါ်လေ့ရှိတယ်။

ဒီနေ့ ကမ္ဘာကြီးဟာ
လောဘမီး ဒေါသမီး မောဟမီးတွေ
ရာဂမီးတွေ တဟုန်းဟုန်း နဲ့
တောက်လောင်နေတဲ့ခေတ်ကြီးမှာ
ဘယ်မှာလာပြီး မြေကြီးက ရွှေသီးနိုင်မှာလဲ
လူ့အခွင့်ရေးဆိုပီး နာမည်လှလှပေးထားတဲ့
ငရဲပန်းဟာ အီရတ်ကိုတောက်လောင်စေခဲပြီ
ဒီမိုကရေစီရရင် ငါတို့ ဆာဒမ်လက်က
လွတ်ပြီထင်ခဲ့ကြတဲ့ ၂၆ သန်းသော
အီရတ်တွေထဲက ဒီနေပြာပုံတိုးနေရသူ
၃၃% ရှိနေတယ် စားရမဲ့သောက်ရမဲ့
ဖြစ်နေသူ ၅ သန်းကျော်ရှိနေတယ်။

အီရတ်မှာ ဖြစ်ပွားခဲ့တဲ့ ဆာဒမ်ဖြုတ်ချရေး
လိုမျိုး ယနေ့မြန်မာမှာဖြစ်နေတယ်
ဒီနေ့ မြန်မာပြည်က တောမရောက်
တောင်မရောက်တွေ သူများမြှောက်ပေး
ပုဆိုးတောင်ချွတ်ကနေသူတွေဟာ
စစ်တပ်ကိုနည်းမျိုးစုံနဲ့ထိုးနှက်ဖြုတ်ချ
ခြင်နေတာတွေဟာ တချိန်က အီရတ်
ပြည်သူတွေရဲ့ ရင်ထဲမှာဖြစ်ခဲ့ဖူးပြီးသား
ဖြစ်လဲဖြစ်သွားခဲ့တယ်။

အမေရီကန်ဝင်လာရင် ဆာဒမ်ကျပြီ
ဆိုတာကိုပဲမြင်တယ် ဆာဒမ်ကျရင်
ငါတို့ဒီမိုကရေစီရပြီဆိုတဲ့ အခွင့်ရေးကိုသာ
မျှော်ခဲ့ကြပြီး ဆာဒမ် မရှိရင် ငါတို့
ဘာဖြစ်မယ်ဆိုတာ တစ်စက်လေးမှ
မစဉ်းစားမိကြတော့ အမေရီကန်
ဝင်လာပါစေပဲ ဆုတောင်းခဲ့ကြတယ်။

ဒီနေ့ R2P လားဘာလားပဲ UN Army
တွေဝင်လာပါစေဆုတောင်းနေသူတွေ
အဲလိုနိုင်ငံတကာ တပ်ဖွဲတွေဝင်မှ စစ်တပ်
ကျရှုံးမယ် စစ်တပ်ကျဆုံးမှ ငါတို့ လုပ်ချင်တာ
လုပ်မယ်ဆိုသူတွေနဲ့ အီရတ်က အမေရီကန်
မျှော်သူတွေဟာ နိုင်ငံမတူ ဘာသာမတူ
ကြပေမဲ့ တုံးတဲနေရာ တွေးခေါ်မှု့ မရှိတဲ့
နေရာမှာတော့ တစ်ထပ်ထဲတူနေတယ်။

ဆဒမ်ကျဆုံးသွားတာနဲ့အတူ အီရတ်ရဲ့
ရိုးရာယဉ်ကျေးမှု့ နဲ့အတူ ရှေးဟောင်း
အမွေအနှစ်တွေအပါအဝင် န်ုင်ငံရဲ့
စီးပွားရေး လူမှု့ရေးကအစ
ကျဆုံးသွားခဲ့တယ်။

ထိုနည်းတူစွာပဲ မြန်မာပြည်ကြီး အနောက်
အုပ်စုကြောင့် ကျဆုံးသွားရင် စာပေ
ယဉ်ကျေးမှု့ ရိုးရာ အမွေအနှစ်တွေပါ
ကျဆုံးသွားမယ်ဆိုတာ ဆာဒမ်ဟူစိန် နဲ့
အီရတ် လူမျိုးတွေဟာ သက်သေပဲ
နမူနာယူစရာပဲလို့ ကျွန်တော်ကတော့
မြင်နေပြီ မြန်မာ့သမိုင်းမှာလဲရှိတယ်
ဒုတိယကမ္ဘာစစ် ကရော ပထမကမ္ဘာစစ်
မှာပါ ရိုးရာအမွေအနှစ်တွေ ပျောက်
ဆုံးခဲဖူးပြီ။

ဒီနေ့ မြန်မာပြည်ဟာ မြန်မာတွေ အုပ်ချုပ်နေ
တယ်လို့ နာမည်သာရှိတော့တယ်
ဘယ်ဝန်ကြီးဌာနမှာမဆို အကြံပေးတွေက
နိုင်ငံခြားသားတွေ ဒီတော့လုပ်သမျှအားလုံး
အတွေးအခေါ်ကအစ မြန်မာနည်း မြန်မာဟန်
မြန်မာ့ဓလေ့စရိုက်ဆိုတာမရှိဘူး ဒါဟာ
ကျဆုံးခြင်းပထမခြေလှမ်းပဲ။

နောင်လဲ လာမည်မကြာမီ မျှော်
ဆိုသလို အီရတ်လူမျိုးတွေရဲ့
နောင်တမျိုး မြန်မာတွေရကြတော့မည်
အချိန်မီမပြင်နိုင်ပါက မြန်မာပြည်သား
တို့၏ ဆင်းရဲမွဲတေမှု့ ဒီထက် အဆ
ရာချီဆိုးလာစရာသာရှိသည်
အဘယ်ကြောင့်ဆိုသော် မြန်မာသည်
အီရတ်လိုရေနံအရင်းအမြစ်ထုပ်လုပ်
ရောင်းဝယ်သောနိုင်ငံ မဟုပ်သည့်
အတွက် ပို၍ ဆိုးစရာသာရှိပါသည်။

ပြောနေရင်လဲ ပြောမဆုံးပေါင်
တောသုံးထောင်ပဲ ဆရာတော်ကြီးတွေ
ပြောသလို ပြောသူသာ လည်ချောင်း
လှည်းဘဒေါင်းထရော့မယ်
အဝဇ္ဇာကြီးလွန်းသူတွေကတော့
ဆင်ကောင်ကြီးပြလဲ ဆင်ခြေရာ
မြင်နိုင်စွမ်းမရှိကြပါတကား။


ဆာဒမ်ဟူစိမ် ပုံကိုမြင်ရတော့ ဦးနေဝင်း ကို သွားသတိရတယ်
သူတို့တွေဟာ ကမ္ဘာမှာနာမည်ဆိုးနဲ့ ကြော်ကြားပေမဲ့ သူတို့
ကျဆုံးသွားတဲ့နောက် နိုင်ငံသားတွေဟာ သောကပင်လယ်
ဝေခဲ့ရတယ် သူတို့ရှိနေတုန်းကတော့ နိုင်ငံသားတွေဟာ သူတို့ကို
မုန်းခဲ့ကြတယ်။

သူတို့မရှိတော့မှ နိုင်ငံသားတွေဟာ သူတို့တန်ဘိုးကိုနားလည်လာတယ်
ဒါပေမဲ့ အခါနှောင်းသွားပြီ။ အီရတ်မှာ လူဦးရေ ၂၆ သန်း ရှ်သည့် အနက်
၃.၃% ဟာ လူမွဲများဖြစ်ပြီး ၆% ဟာအငတ်ဘေးနဲ့ ရင်ဆိုင်နေကြရတယ်
အီရတ်လို ရေနံရောင်းစားနေတဲ့နိုင်ငံမှာ အခုလို ဆင်းရဲမွဲတေမှု့တွေ
မြင့်တက်လာရတဲ့အကြောင်းကတော့ 2003, March 19, မှာ အမေရီကန်
နှင့် အပေါင်းအပါများဖြစ်တဲ့ UK, Australia နှင့် Poland စစ်တပ်တွေဟာ
အီရတ်ကို ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းရဲ့ ရလဒ်ပဲဖြစ်ပါတယ်။

အီရတ်အရေး စောင့်ကြည့်နေသူများရဲ့အပြောအရ နောက်လာမဲ့ ၂ နှစ်
အတွင်းမှာ ပြည်သူတွေရဲ့ဆင်းရဲမွဲတေမှု့ဟာ လက်ရှိအနေအထားထက်
ထပ်မန်မြင့်တက်လာအုန်းမယ်လို့ ဟောကိန်းထုပ်ထားပါတယ်။

အီရတ်ပြည်သူတစ်ဦးချင်းစီရဲ့ တစ်နေ့ဝင်ငွေဟာ ၁.၅ ဒေါ်လာ အထိ
ကျဆင်းသွားခဲ့ပါတယ်။ ဒီနေ့ မြန်မာမှာ လူတစ်ဦးချင်းစီရဲ့ တစ်နေ့
ဝင်ငွေဟာ ၄.၅၈ ဒေါ်လာ ဝန်းကျင်ရှိတာကြောင့် အီရတ်ပြည်သူ ပြည်သား
တွေဟာ မြန်မာထက် တစ်နေတာဝင်ငွေမှာ နိတ်ကျနေပါတယ်။

ပြီးခဲ့တဲ့အထိ အီရတ်နိုင်ငံရဲ့ အလုပ်လက်မဲ့ဦးရေဟာ ၃.၃ သန်းအထိ
မြင့်တက်လာနေပါတယ် ၂၀၁၄ မှာအလုပ်လက်မဲ့ဦးရေ ၁၀.၅၇ သန်း
ရှိနေရာက ၂၀၁၅ မှာအလုပ်လက်မဲ့ဦးရေ ၁၁.၀၆ သန်းအထိရှိလာပြီး
၂၀၁၆ မှာဆိုရင် ၁၁.၂၆ သန်းအထိ မှာအလုပ်လက်မဲ့ဦးရေ မြင့်တက်
လာခဲ့ပါတယ် ဒါတောင် အီရတ် နိုင်ငံရဲ့ GDP ဟာ ၂၀၁၇ မှာ ၄၄၇.၇ သန်း
ရှိပါတယ် ဒီ ၂၀၁၇ မှာပဲ မြန်မာရဲ့ GDP ဟာ ၆၉.၃၂ သန်းထက် စာရင်
အီရတ်ကတောင်သာနေပါတယ် ဘာလို့လဲဆိုတော့ ရေနံအရင်းအမြစ်
ထုပ်လုပ်ရောင်းစားနေတဲ့ နိုင်ငံဖြစ်လို့ပါပဲ။

အီရန် အီရတ် စစ်ပွဲဟာ ၁၉၈၀ ကနေ ၁၉၈၈ အထိဖြစ်ပွားခဲ့ပါတယ်
ကူဝိတ် ကို ၁၉၉၀ August လ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ
ကျူးကျော်စစ်ပြုခဲ့ပါသေးတယ်။ အီရတ်နိုင်ငံဟာ မြန်မာနဲ့ နင်လား
ငါလားပြောရမလို စစ်ပွဲတွေများစွာရှိခဲ့ပါတယ် အီရတ်နိုင်ငံရဲ့
ပြည်တွင်းစစ်တွေဟာ ၁၉၅၄ မှ ၁၉၆၂ နှစ်မှာ အီရတ်နေ အယ်ဂျီးရီးယား
များက ပြင်သစ် ကိုဆန်ကျင်ရာမှ တစ်ကြိမ်။ ၁၉၇၅ မှ ၁၉၉၀ အထိ
လက်ဘနွန်များနှင့် ပြည်တွင်းစစ်ဖြစ်ခဲ့ပြီး အီရတ်နေ အယ်ဂျီးရီးယား
များနှင့် လက်ဘနွန်တို့ရဲ့ ပြည်တွင်းစစ်ဟာ ၂၀၀၆ အထိရှိနေဆဲပါ။

၂၀၀၃ ခုနှစ်က အမေရီကန်တို့ အီရတ်ကို တိုက်ခိုက်စဉ် အီရတ်စစ်
အင်အားဟာ အရှေ့အလယ်ပိုင်းမှာ အဆင့် ၁၇ ရှိခဲ့ရာမှ ဒီနှစ် ၂၀၁၉
မှာတော့ ကမ္ဘာ့အဆင့် ၅၃ ကိုထိုးကျသွားခဲ့တယ် ဒီ ၂၀၁၉ မှာ မြန်မာ့
တပ်မတော်အဆင့်ဟာလဲ ၃၁ ကနေ ၃၇ ကိုကျဆင်းသွားပါပြီ ဒါဟာ
ပြည်သူတင်တဲ့အစိုးရလက်ထက်မှာ တပ်မတော်ကို ဖိနိုင်သမျှ ဖိထား
တာကြောင့်လို့ ကျွန်တော်မြင်ပါတယ်။

အီရတ်တို့ရဲ့စသ်အင်အားချိနဲ့သွားရတာဟာ တကယ်တော့ အီရတ်ပြည်သူ
တွေရဲ့ အမေရီကန်တပ်တွေဝင်လာစေချင်တဲ့ မှားယွင်းတဲ့ ဆန္ဒဆိုး
ကြောင့်ဖြစ်လို့ မြန်မာပြည်မှာလဲ အီရတ်ပြည်သူပြည်သားတွေလို
မှားယွင်းတဲ့ ဆန္ဒများမဖြစ်မိလေအောင် သတိပေးလိုပါတယ် တကယ်တော့
သူစိမ်းချစ်တယ်ဆိုတာ မီးဘကိုမီစရာ အကြောင်းမရှိပါဘူး။


ဒီအပေါ်က ပုံက Facebook စာမျက်နှာပေါ်မှာဖတ်လိုက်ရတာလေး
SS ရိုက်ယူထားတာပါ ဆာဒမ်ဟူစိန်ကို အမုန်းကြီးမုန်းခဲ့ အမျိုးသမီး
တစ်ဦး ရှေးဟောင်းသုတေသန မညာရှင် ပေါ့ ခုသူ အမေရီကန်ကို
ပြေးလာပြီး အခြေချဖို့လုပ်နေသူ စူနီမူစလင်ဘာသာဝင် တစ်ယောက်
ဖြစ်ပါတယ် သူပြောပြထားတာလေးပါ။

၂၀၀၃ မှာ အမေရီကန်နဲ့အပေါင်းအပါတပ်တွေ အီရတ်ကို မတိုက်ဖို့
ပြည်ပမှာ ဆန္ဒပြနေချိန် အီရတ်ပြည်တွင်း ပြည်သူတွေဟာ ပျော်နေ
ကြတယ် Bush ကိုကောင်းချီးပေးနေကြတယ် ဒီနေ့မြန်မာနိုင်ငံကို
UN တပ်တွေဝင်လာမှာကို မျှော်နေသူတွေ တသ်နေ့သူတို့ဝင်လာရင်
မြန်မာနိုင်ငံဟာ အီရတ်လို အဖြစ်ဆိုးနဲ့ ကြုံရတော့မယ်ဆိုတာ
မတွေးမိကြဘူး ငရဲပန်းကိုတောင်းတနေကြသူတွေလိုပဲ အမှန်
မမြင်နိုင်ကြပါဘူး။

ဒီစာပိုဒ်ကို ဖတ်ရတော့ NLD အနိုင်ရသွားလို့ ကခုန်ခဲ့ကြသူ
တွေကိုမေးချင်တယ် မီတာခ ၃ ဆ တက်သွားတာ ပျော်ရဲ့လားလို့။

အီရတ်အမျိုးသမီးလေးလဲ ဆာဒမ်ပြုတ်ကျသွားတာကို ပျော်ခဲ့သူပေါ့
ဆာဒမ်ရဲ့ ရုပ်ထုတွေကိုဖျက် သေးနဲ့ပန်း လုပ်ချင်တာလုပ်ကြပြီး
ဆာဒမ်မရှိတော့တဲ့နောက် အမေရီကန်တို့က သူတို့နဲ့ ပနာသင့်
သူကိုအစိုးရတင်ပေးလိုက်ပြီးနောက် အီရတ်ပြညသူတွေဟာ
ဝမ်းနည်းကြေကွဲခြင်းတွေနဲ့ ယူကြုံမရခြင်းတွေနဲ့ ကြီးလန့်စာ စား
ရတဲ့ဘဝကို ရောက်ခဲ့ရတယ်တဲ့ ဒီလိုနောင်တမျိုးကိုသူဟာ
အမေရီးကားကိုရောက်အောင်ထွက်ပြးလာပြီးမှ ရခဲ့တာပါ
ကျွန်တော်တို့မြန်မာပြည်ကိုလဲ ဘယ်နိုင်ငံ ဘယ်စစ်တပ်မှ
ဝင်လားပြီးမစွက်ဖတ်အောင် ပြည်သူတွေညီညွတ်ကြမယ်ဆိုရင်
အီရတ်ပြည်သူတွေရမဲ့ နောင်တာမျိုး ရစရာအကြောင်း မရှိပါဘူး။

ဆာဒမ် ရှိစဉ်က ဗျောက်အိုးတောင် ဖေါက်ခွင့်မရှိခဲ့တဲ့နိုင်ငံမှာ နေ့စဉ်
ဗုံးတွေပေါက်လို့ အီရတ်ဟာ အသုဘအိမ်တွေနဲ့ မကင်းတော့ဘူးတဲ့
အဲဒါကိုဖတ်ရတော့ ဦးနေဝင်းခေတ်က ဗျောက်အိုးမဖေါက်ရတဲ့
တရုပ်တန်း ခုတော့ နှစ်ကူးတိုင်း ဖေါက်လိုက်ကျတဲ့ဗျောက်အိုး ဟာ
မသိရင် တရုပ်ပြည်များရောက်နေသလားထင်ရမယ် သတင်းစာ
မှာတွေ့တာပါ။

အဲလို အီရတ်မှာနေ့စဉ်နီးပါးဗုံးပေါက်ကွဲနေတဲ့အထဲမှာ တနေ့
သူအမျိုးသား သူ့အဖေ နဲ့သား ၂ ယောက် ဝတ်ပြုဖို့အသွား
ဗလီဗုံးပေါက်လိုအားလုံးဆုံးပါးသွားတယ်တယ် ဒီနေရာမှာ
အီရတ်ဟာ မူစလင်ဘာသာဟာနိုင်တော်ဘာသာဖြစ်ပေမဲ့
ရှီးယား မူစလင်က ၆၅% ရှိပြီး ဆွန်နီ မူစလင်က ၁၅% ပဲ
ရှိပါတယ် တခြားမူစလင်တွေက ၁% သာရှိပြီး ခရစ်ယန်
ဘာသာက ၁၇% ရှိတယ် ဒီအမျိုးသမီးလေးက ဆွန်နီမူစလင်ပါ။
အဲဒီ ၂၀၀၃ နောက်ပိုင်း နိုင်ငံတွင်းငြိမ်သက်မှု့ မရှိတော့ဘူး
တက္ကသိုလ်တွေမှာ ကျောင်းမတက်ရဲလောက်အောင်ဖြစ်တာတယ်
ကျောင်းအဝကစောင့်ပြီး ပြန်ပေးးဆွဲကြလို့ ကျောင်းမတက်ရဲ
ကြတော့တာပါ။

အဲဒီတော့ဗျာ မြန်မာနိုင်ငံမှာရော UN တပ်တွေဝင်လာရင်
ခင်ဗျားတို့ထင်ထားသလို မြန်မာစစ်တပ်က ကျဆုံးသွားမယ်
ထင်ထားတာလား?  ကဲဗျာ ကျဆုံးသွားတယ် ထားအုန်း
စစ်သားမှန်သမျှ သေသွားမှာလား?  အကုန်သေတယ်ထားအုန်း
ကျွန်တော်လူတွေ မြန်မာပြည်မှာ မကျန်တော့ဘူးလား
ကျွန်တော်တို့က အင်္ဂလိပ်စာကိုတတ်အောင်သင်ထားတာ
ဒွေးဒေါ်လွမ်းချင်း ဆိုချင်ရေးချင်လို့ မဟုပ်ဖူး ဗိုလ်ချုပ်ကို
အားကြလို့ ဗိုလ်ချုပ်နည်းကိုကြိုက်လို့သင်ထားတာ
သူ့သမီးတော့ အသံတောင်မကြာူချင်ဘူး။

ပြောချင်တာက ခုချိန်ထဲက မြန်မာမှာ အနီ အစိမ်း ကွဲနေတဲ့
အထဲ အခုဆို အရူးတစ်မျိုးထပ်ပေါ်နေပြီ ဒီတော့ ခုထဲက
အကွဲအပြဲဖြသ်နေတဲ့ မြန်မာပြည် UN ဝင်လာပြီးရက် ပြည်တွင်း
စစ်ကြီးစပြီလို့ ကြိုပြောထားမယ်ဗျာ ခုချိန်က Facebook မှာ
လေသနတ်နဲ့ပစ်နေပေမဲ့ နောင်တစ်ချိန် သေနတ်အစစ်
တွေနဲ့ပြစ်တဲ့ခေတ်ကိုရောက်လာရင် မြန်မာပြည်ဟာ အီရတ်ထက်
ပိုဆိုးသွားစရာပဲရှိတယ် ပြည်သူတွေ စဉ်းစားကြ။



ဒီ ဆောင်းပါးပါ အချက်အလက်များကို ကျွန်တော့ စိတ်ကူးနဲ့
တွေးဆကြံစည်ရေးထားတာမဟုပ်ကြောင်းနဲ့ Facebook ပေါ်က
Post တစ်ခုကို ဖတ်ပြီး အီရတ်နိုင်ငံအကြောင်း Website တွေမှာ
သေခြာလေ့လာဖတ်ပြီးမှ ဟိုဟာ ဟိုလိုတွေဖြစ်ခဲတယ် ဒီ မြန်မာ
နိုင်ငံမှာရော ဒီလိုဖြစ်လာရင်ဆိုတဲ့ အတွေးနဲ့ စီစစ်ရေးသား
ထားခြင်းဖြစ်တယ်ဆိုတာ ကျွန်တော်ဖတ်ခဲသောဝက် Website
များထဲမှ တစ်ခုကို SS ရိုက်ပြီးတင်မေးလိုက်ခြင်းဖြစ်ပါတယ်
မြန်မာပြည်သူပြည်သားအပေါင်းတို့ တရားနောင်တ နောင်မှမရ
စေလိုသော စေတနာနဲ့ ရေးတင်ခြင်းဖြစ်ပါတယ်။


     မင်းသန်းနိုင်
( ကောင်းမှု့တစ်ခု နေ့စဉ်ပြု )

No comments: