Monday, July 1, 2019

ဆင်ခြေဖုံး ကို စောင့်ရှောက်ပါ



ဖတ်​ပါ ( ဖတ်​ဖို့ တင်​​နေတာ )
=•=•=•=

ရှေးခေတ်က ဘုရင်တွေဟာ
စစ်တိုက်ထွက်ရင် ဆင်ကိုသုံးတယ်

အကယ်၍ အဲဒီဆင်က
ခြေထောက်နာသွားပြီဆိုရင် သုံးမရတော့ဘူး

ဒီတော့
ဆင် ရဲ့ခြေကိုကာကွယ်စောင့်ရှောက်ဖို့
စစ်သည်တော် တွေထားတယ်
ဆင်ခြေဖုံး စစ်သည်တော် လို့ခေါ်ကြတယ်




သူတို့တွေက
အဲ့ဒီ ဆင်အတွက် တော့
အလွန်အရေးပါတယ်🗡

နောက်တော့
မြို့တွေတည်လာတဲ့အခါ
မြို့ ရဲ့ ဘေးနားက ဝန်းရံတဲ့
ရပ်ကွက်တွေကို
မြို့ဆင်ခြေဖုံးရပ်ကွက်တွေလို့ခေါ်တယ်🌆

လက်လုပ်လက်စားလူတန်းစားတွေ
အလုပ်ကြမ်းလုပ်တဲ့သူတွေ
နေကြတာများတယ်
သူတို့လည်းသူ့နေရာနဲ့သူအရေးပါတယ်🌁

လောကကြီးမှာအလုပ်ကြမ်းလုပ်တဲ့သူက
မရှိမဖြစ်အရေးကြီးတယ်
အဲဒီလိုလူတွေ
ဘဝ တွေ ပျက်ပြီး
အလုပ်လက်မဲ့ ဖြစ်ကုန်ရင်
စာရိတ္တတွေပျက်ပြီး
ခိုးဆိုးလုယက်ဘဝရောက်သွားရင်
မြို့ပူပြီ💥

မြို့ပူရင် နိုင်ငံဆူပြီ⚡🔥

ဆင်ခြေမလုံရင်စစ်ရှုံးနိုင် သလို
ဆင်ခြေဖုံးရပ်ကွက်က
အခြေခံလူတန်းစားကို ဂရုမစိုက်မိရင်
တိုင်းပြည် အထိနာမယ်⛈🌩🌦

တိုင်းပြည်တခု ထူထောင်ဖို့ က
အခြေခံ လူတန်းစားက  အဓိက  ကျတယ်

မယုံမရှိနဲ့
အခုဆို
ဆင်ခြေဖုံးတွေကတော့⛅
့တော်တော်လေးပျက်စီးနေပြီ🌦
🌈

skn
#credit
#Via:လုလင်ငယ်သွေး

လေးစားစွာမျှဝေပါသည်

*************************************

ဒီ Post ဟာ
ကျွန်တော့ဝါဒနဲ့ညီတယ်။

ပုထုဇဉ်ပဲ ရှိနေသေးတဲ့ အဆင့်မှာ
ကိုယ့်သဘောထားနဲ့ ကိုက်ညီတာကို
လူတိုင်းလက်ခံနေကြတယ်။

ဒါပေမဲ့
ကာလမ သုတ်အရ အဲလိုမဟုပ်ဖူး
အဲဒါလဲသိတယ် လက်ရှိ ကျွန်တော့ အတွေကြုံ
တွေအရပြောရ ရင် ကျွန်တော်
မလေးရှားအစိုးရကို ကြိုက်တာ ၂ ချက်ရှိဖူးတယ်။

မလေးမှာနေတုန်းက သတင်းစာတွေ
ဖြတ်သိမ်းထားဖူးတယ် ဒီကိုတော့
ပြန်ပါမလာဘူး
အဲဒီမှာ နေတုန်းက သတင်းစာ တစ်ခုမှာ
အိမ်ခြေမဲ့ အိမ်လခ မပေးနိုင်လို့
ခုံးကျော်တံတားအကြီးကြီးအောက်မှာ
နေနေရတဲ့ မိသားစုကို ရဲကတွေ့တော့
ချက်ချင်းအစိုးရကို တင်ပြတယ်
ချက်ချင်း အထက်အရာရှိတွေ ရောက်လာပြီး
အဲဒီမိသားစုအတွက် စားဝတ်နေရေး
ပညာရေး တွေအတွက် အစစစီမံပေးပြီး
နေစာတိုက်ခန်းပေးလိုက်တာကို
အကျယ်တဝင့်ရေးသားထားတာ
ဖတ်လိုက်ရတယ် ဒါကတစ်ခု။

နောက်တစ်ခုက
ကားလမ်း Block ဖြစ်နေတဲ့နေရာ
မှန်သမျှ အကုန်ရှင်းပေးတယ်
နီးစပ်ရာ အဆောက်အဦးတွေ
မထိခိုက်အောင် လုပ်ပေးတယ်
မလွဲသာလို့ အိမ်တွေဖယ်ပေးရရင် ချက်ချင်း
နေစရာ ပြန်ပေးတယ်
အလကားပေးတာနော် အရစ်ကျမဟုပ်ဘူး
ဒါက မလေးလူမျိုးစစ်စစ်မှ
မလေးမှာက တရုပ်ကုလား များတယ်
သူတို့ ဆိုရင်တော့ သူတို့ဝင်ငွေအရ
စားဝတ်နေရေး မထိခိုက်အောင် လစဉ်ဖြတ်တယ်။

ဒါဟာ အစိုးရဲ့ဝတ္တရားအဖြစ် ခံယူထားကြတယ်
တရုပ် ကုလား တွေကိုတော့ မလေးနဲ့
တန်းတူ အခွင့်ရေးမရဘူး။

ဒီနေရာမှာ ဒီ Post ထဲက ပြောထားသလို
မြို့ဆင်ခြေဖုန်းမှာ နေရတဲ့
အောက်ခြေ လူတန်းစားကို
ထောင့်ကိုထောင့်ပန့်ရမယ်
ဒါဟာ တိုင်းပြည်အုပ်ချုပ်သူ့ရဲ့
တာဝန်ပဲ တာဝန်မယူချင်ရင် တိုင်းပြည်
မအုပ်ချုပ်နဲ့
စက္ကဝတ္တိ သုတ်မှာလဲ စင်္ကြာဝတေးမင်း
၇ ဆက်မှာ နောက်ဆုံးမင်းဖြစ်တဲ့
ဒဠှနေမိ မင်းလက်ထက်မှာ
စင်္ကြာဝတေးမင်းတို့ရဲ့ကျင့်ဝတ် တစ်ခု
ပျက်ခဲ့မိတာကြောင့် လူတို့၏ သက်တန်း
ထက်ဝက်ကျခဲ့ဖူးတယ်။
ဒဠှနေမိမင်းဟာ စင်္ကြာဝတေးမင်းဖြစ်လို့
ကျွန်းကြီးလေးကျွန်းလုံးကို ပိုင်စိုးတော်မူပါတယ်
သူဟာ ဆင်းရဲသားများကို ပေးကန်းခြင်း
အမှု့ တစ်ခုပျက်ကွက်ခဲ့ရာမှ
လူတို့၏ သက်တန်း ၈ သောင်းကနေ
၎ သောင်းတန်းကိုကျခဲ့ရပါတယ်
ဒါဟာ ဒီပို့မှာ ဖေါ်ပြထားသလို
ဆင်ခြေဖုန်းကို မစောင့်ရှောက်လို့
ဖြစ်ခဲတာပဲဖြစ်ပါတယ်။

သူ့ရဲ့ side-effect ကဘာဖြစ်လာလဲဆိုတော့
စားဖို့မလုံလောက်တော့ခိုးလာတယ်
ခိုးတာကိုဖမ်းတော့ လိမ်လာတယ်
လိမ်တဲ့လူ သတ်တော့ လက်နက်တွေပေါ်လာတယ်။

ဒီနေ့ မြန်မာပြည်ကြီးဟာ
အပျက်ဖက်ကို ရာနှုန်းပြည့်ဦးတည်သွားပြီ
ကိုယ်တွေမှာ ဒါကိုသိပြီး မတားမြင့်နိုင်ရင်
ကိုယ်အတွက် သီလ လုံနေဖို့လိုပြီ
ခေတ်က ခေတ်ဆိုးကြီးဖြစ်နေပြီ

ဒီ Post ကို ပြန် Share မယ်ဗျာ
မိတ်ဆွေကောင်းတွေရ ထား တာ
မင်္ဂလာပါပဲ။

         မင်းသန်းနိုင်
( ကောင်းမှု့တစ်ခု နေ့စဉ်ပြု )


No comments: